ဥက္ကဌအမှာစကား

Kakamu Masato
ဥက္ကဌ
Globalway ကုမ္ပဏီလီမီတက်

အာရှမှလုပ်ငန်းတည်ထောင်သူများနှင့်အတူတစ်ကွဖွံ့ဖြိုးတိုးတက်သွားလိုပါသည်။

အမေရိကရှိသက္ကသိုလ်တွင် ကျွန်တော်ကျောင်းသွားရောက်တက်ခဲ့ချိန်တွင် ထိုင်း၊အင်ဒိုနီးရှား၊မ လေးရှား၊ဗီယက်နမ်၊မြန်မာ၊ကမ္ဘောဒီးယားအစရှိသည့်နိုင်ငံများမှအာရှလူမျိုးကျောင်းသားများ နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ထိုကျောင်းသားများသည်မြင့်မားသောစိတ်ဓါတ်ရှိကြပြီး၊ကျောင်းစာ များ အားလည်းအထူးအားသွန်ခွန်စိုက်ကြိုးစားလေ့လာသူများဖြစ်ကြပါသည်။

「အသက်၃၀နှစ်မတိုင်မှီလုပ်ငန်းတည်ထောင်ပြီး၊လောကကိုအကျိုးပြုသွားခြင်တယ်」ဆိုသည့် စိတ်ဓါတ်ရှိခဲ့သောကျွန်တော်သည်၊တစ်ချိန်ချိန်တွင်အထက်ပါကျောင်းသားများကဲ့သို့ထူးချွန်ထက် မြက်မှုရှိပြီး၊ကြိုးစားရှင်သန်သွားလိုစိတ်ပြင်းပြမှုရှိသည့်ပုဂ္ဂိုလ်များနှင့်အတူတစ်ကွလုပ်ငန်းလုပ် ကိုင်သွားလိုသည့်စိတ်ဆန္ဒ ပြင်းပြလာခဲ့ပါသည်။ ထို့နောက်အမေရိကတွင် ကျောင်းသွားတက် ရောက်ခဲ့ ချိန်တွင်အမေရိကမှအထည်ဟောင်းများအား ဂျပန်နိုင်ငံသို့်တင်ပို့သည့်လုပ်ငန်းဖြင့်စု ဆောင်းရရှိခဲ့သည့်အရင်းအနှီးနှင့်လခစားဝန်ထမ်းဘဝတွင်စုဆောင်းခဲ့သောငွေများဖြင့်၂၀၀၄ ခုနှစ်တွင်Globalwayကုမ္ပဏီအားတည်ထောင်ခဲ့ပါသည်။「တစ်ချိန်ချိန်မှာအမေရိကမှာတွေ့ဆုံခဲ့ တဲ့အာရှကျောင်း သားတွေလိုမျိုးပုဂ္ဂိုလ်တွေနဲ့အတူတစ်ကွထူးခြားပြောင်မြောက်တဲ့လုပ်ငန်းကိုထူ ထောင်သွားချင်တယ်」「လမ်းအားလုံးဟာအာရှမှဖြတ်သန်းစေရမယ်」ဆိုသည့်စိတ်ဖြင့်ကုမ္ပဏီအ မည်အား Globalway ဟူ၍ပေးခဲ့ပါသည်။ ဤကဲ့သို့သောနောက်ခံသမိုင်းများလည်းရှိသော ကြောင့်၊ ဤကုမ္ပဏီ၏ဝန်ထမ်း၂၀%ခန့်သည်တရုတ်၊ကိုရီးယား၊အိန္ဒိယ၊ဗီယက်နမ်၊ဖိလိပိုင်၊ပြင် သစ်၊အမေရိကန်လူမျိုးအစရှိသည့်နိုင်ငံခြားသားများဖြစ်ကြပါသည်။

၂၀၁၆နှစ်ဧပြီလတွင် Tokyo Stock Exchange Mothers တွင်listedပြုလုပ်ခဲ့ခြင်းအား ဖြင့်၊ပြည်တွင်း၌တည်ထောင်ထားပြီးဖြစ်သောလုပ်ငန်းအားတိုးချဲ့ဆောင်ရွက်သွားလျှက်၊နည်းလမ်းအမျိုးမျိုးဖြင့်ရင်းနှီးငွေရှာဖွေစုဆောင်းရရှိနိုင်မည့်အခြေအနေသို့ ရောက်ရှိပြီဖြစ်သောကြောင့်၊ ယ ခင်ကတည်းမှစီစဉ်ထားရှိခဲ့သည့်အာရှစျေးကွက်ထဲသို့ဝင်ရောက်ရင်းနှီးလုပ်ကိုင်မှုပြုလုပ်ခြင်းအား လက်တွေ့အကောင်အထည်ဖေါ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ကျွန်တော့်တွင်ရှိသောလုပ်ငန်း တည် ထောင်ခဲ့သည့် အတွေ့အကြုံနှင့်ဂျပန်စျေးကွက်မှရရှိခဲ့သည့် အင်တာနက်လုပ်ငန်းနှင့် Cloud လုပ်ငန်းများအားစီမံခန့်ခွဲဆောင်ရွက်ခဲ့သည့် Know-how များအား မျှဝေပေးခြင်းအားဖြင့်၊ ရှေ့ လျှောက် အာရှစျေးကွက်တွင်လုပ်ငန်းတည်ထောင်မည့်သူများနှင့်အတူတစ်ကွလူ့ဘောင်လောက အားအကျိုးပြုသွားလိုပါသည်။